ဒီ Application ကို အရင်ကလည်း တင်ပေးဖူးပါတယ်။ ဒါက Version 2.3.1 Update လေးဖြစ်ပါတယ်။ HTC ဖုန်းတွေမှာတော့ Beats Audio Original ပါပေမယ့် အခြား Android ဖုန်းတွေမှာ Beats Audio သုံးချင်ရင် ဖုန်းကို Root လုပ်ပြီးမှ Beats Audio ကို Install လုပ်လို့ရပါတယ်။ Beats Audio သွင်းပြီးတဲ့နောက်မှာ သီချင်းနားထောင်ရင် အရင်နဲ့လုံးဝမတူပဲ အသံထွက် ပိုမိုကောင်းမွန်လာပါတယ်။ Beats Audio ထည့်နည်းကတော့ လွယ်ကူပါတယ်။ APK ကို Install လုပ်ပြီး Application ထဲကို စဝင်လိုက်တာနဲ့ Next တွေပဲ ဆက်နှိပ်ပေးပါ။ Install Beats ဆိုတဲ့အဆင့်ရောက်ရင်လည်း Install Beats ကို နှိပ်ပါ။ ပြီးရင် Next ပါပဲ။ Root Access တောင်းရင် Grant ကို ရွေးပေးပါ။ နောက်ဆုံးအဆင့်မှာ ဖုန်းကို Auto Reboot လုပ်ခိုင်းပါလိမ့်မယ်။ Auto Reboot လုပ်ပြီးရင် Notification မှာ Beats Audio On ဆိုတာပေါ်နေရင် Beats Audio ကို သုံးလို့ရပါပြီ။ အချို့ ဖုန်းတွေမှာ နားကြပ်တပ်ထားမှ Beats Audio က Notification Bar မှာ တက်လာတတ်ပါတယ်။ သုံးဖြစ်အောင်သုံးပါ အရမ်းမိုက်ပါတယ်။
Download Beats Audio Installer v2.3.1
0 comments:
Post a Comment