Home »
Android Tutorials
,
Tip And Tricks
» Android ဖုန်း Pattern Lock ဖြုတ်ရန် Factory Reset ချနည်း
Android ဖုန်း Pattern Lock ဖြုတ်ရန် Factory Reset ချနည်း
Written By 1 Mobile Corner on 14/10/2013 | 14.10.13
Password မမှတ်မိတော့လို့ သုံးမရဖြစ်နေတဲ့ဖုန်းကို နောက်ဆုံးအဆင့်အနေနဲ့ Factory Reset ချပြီး Unlock လုပ်တဲ့နည်းလေးကို မျှဝေလိုက်ပါတယ်။ သိပြီးသားလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ Pattern Lock ကျနေတဲ့ဖုန်းကို Google Play Store မှာ မိမိ Sign in လုပ်ခဲ့ဖူးတဲ့ Gmail အကောင့်ထည့်ပြီး အရင်ဝင်ကြည့်ပါ။ Gmail ဝင်မထားခဲ့ဖူးတဲ့ ဖုန်းဆိုရင်တော့ အောက်က အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ပါ။ တစ်ခုတော့ ရှိတယ် ဒီနည်းက ဖုန်းကို Factory Reset လုပ်မှာဖြစ်တဲ့အတွက် Contact, SMS နှင့် အခြား Data တွေအားလုံး ပျက်ဆီးသွားပါလိမ့်မယ်။ ဆက်လုပ်မယ်ဆိုသူများကတော့ အောက်ကအဆင့်တွေအတိုင်း လိုက်လုပ်ကြည့်ပါ။
1- ဖုန်းကို ပါဝါပိတ်ပြီး ခဏစောင့်ပါ။
2- Volume Up ကို ဆက်ဖိထားပါ။
3- Home Button ကို ဆက်ဖိထားပါ။
4- Power Button ကို ဆက်ဖိထားပါ။
5- ခဏကြာရင် Recovery Mode ထဲ ရောက်သွားပါလိမ့်မယ်။
6- Volume Key ကို အသုံးပြုပြီး wipe data/ factory reset ဆိုတဲ့နေရာကို ရောက်အောင်သွားပါ။
7- အဲဒီနေရာရောက်ရင် Home Button ကို တစ်ချက်နှိပ်လိုက်ပါ။ (မှတ်ချက်- အချို့ ဖုန်းများမှာ Power Button ကို နှိပ်ရမှာဖြစ်ပါတယ်)
8- Yes-- delete all user data ဆိုတာကို ဆက်နှိပ်ပေးလိုက်ပါ။
9- ပြီးရင် Reboot system now ကို ရွေးလိုက်ရင် Lock pattern ဖြုတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
ကျေးဇူးတင်ပါသည်။
Hello v3ကိုlockဖြည်တာဒီနည်းနဲ့မှရတော့တယ်Thanksပါ
ReplyDeleteMPT
ReplyDeleteM40 ကဘယ်လိုဖြည်ရမလဲ မရဘူး
MPT M40 Recovery
ReplyDeleteVol+/Power ခနဖိထားပါ Recoveryသို့ရောက်သွားပါမယ်
Power & Vol+ ထက်ဖိပေါ့
PHICOMM SMART PHONE LOAT PATTN PASSWORK REST PLEASE ပါတန်ျက်ြည်း
ReplyDelete