Home » » Samsung Galaxy Tab 3 7.0 GSM/WIFI/ SM-T211 (4.1.2) Root လုပ်နည်း

Samsung Galaxy Tab 3 7.0 GSM/WIFI/ SM-T211 (4.1.2) Root လုပ်နည်း

Written By 1 Mobile Corner on 12/10/2013 | 12.10.13



အခုနောက်ပိုင်း Samsung Tablet တော်တော်များများအတွက် Root Method သီးသန့်ထွက်တာ အရမ်းနည်းပါတယ်။ Rooted Firmware တွေရှိပေမယ့် အချို့ က Firmware မတင်ချင်တော့ မြန်မာစာအတွက် အခက်အခဲဖြစ်တတ်ပါတယ်။ မြန်မာစာ အပြည့်အစုံပေါ်ချင်တယ်ဆိုရင် Root လုပ်ထားမှ အဆင်ပြေမှာပါ။ ဒါကြောင့် မဖြစ်မနေ Root လုပ်ဖို့ လိုအပ်ပါတယ်။ အခု Samsung Galaxy Tab 3 7.0/ SM-T211 ကို Root လုပ်နည်းလေး ပြောပြပါမယ်။

လိုအပ်တဲ့ File တွေကို အရင် Download လုပ်လိုက်ပါ။

Download Samsung USB Driver (23.4MB)


Download Odin307.zip (1.2 MB)


Download PreRooted_SM-T211XXAMGL.tar.md5 (1.13 GB)



SAMSUNG_USB_Driver ကတော့ Computer ပေါ်တွင် မရှိသေးဘူးဆိုမှ Install ပြုလုပ်ပါ။


Tablet ကို ပါဝါပိတ်ပြီး Download Mode သို့ဝင်ရန် (Volume Down+Home+Power) ခလုတ်သုံးခုအား တစ်ပြိုင်တည်းနှိပ်ပါ။ Warning Screen ပေါ်လာရင် Volume Up ကို တစ်ချက်ဆက်နှိပ်ပါက Download Mode သို့ရောက်ပါပြီ။

Odin307.zip ကို Extract ပြုလုပ်၍ Run ပါ။

ပြီးရင် USB Cable ကို အသုံးပြု၍ Tablet နှင့် Computer အားချိတ်ဆက်ပါ။

Odin ရဲ့ (ID:COM) ဆိုတဲ့နေရာမှာ အရောင်လေးသမ်းလာပါလိမ့်မယ်။ (သေချာဂရုစိုက်ပါ အရောင်မသမ်းလျှင် Driver အား ပြန်လည်စစ်ဆေးပါ)

Odin ရဲ့ PDA ဆိုသောနေရာတွင် Download ပြုလုပ်ခဲ့သော PreRooted_SM-T211XXAMGL.tar.md5 ကို ထည့်ပါ။
(မှတ်ချက်- Re-Partition ကို လုံးဝအမှန်မခြစ်ပါနဲ့)

အထက်ကအဆင့်တွေ မှန်ပြီဆိုရင် Start ကို နှိပ်၍ ခဏစောင့်ပါ။

Odin ရဲ့ ID:COM ဆိုသောနေရာတွင် PASS ပြပြီးလျှင် Tablet က အလိုလျောက် Restart ဖြစ်သွားပါလိမ့်မယ်။ (Tablet ရဲ့ Home Screen ကို မြင်ပြီဆိုမှ Computer နှင့်ချိတ်ဆက်ထားသော USB Cable အား ဖြုတ်ပါ)

ဒါဆိုရင် Samsung Galaxy Tab 3 7.0 GSM/WIFI SM-T211 (4.1.2) ကို Root လုပ်ပြီးပါပြီ။

မိမိ Tablet ထဲမှာ SuperSU လေးရောက်နေတာကို တွေ့ရပါလိမ့်မယ်။


Credit: xda-developer

1 comments:

  1. တစ် မိနစ်ပဲကြာတယ်
    http://www.mediafire.com/download/a4ic6i0ckt2w38e/Samsunggalaxytab3root_4.3.apk

    ReplyDelete