Android ဖုန်းကို ညအချိန်မှာ ဓါတ်မီးအဖြစ် အသုံးပြုနိုင်မယ့် Night Lamp Auto ကို တင်ပေးလိုက်ပါတယ်။ အခြား Application တော်တော်များများက Application ကိုနှိပ်ပြီးမှ မီးလင်းတဲ့အတွက် ဖုန်း Screen Lock ကျနေချိန်မှာ Screen Lock ဖွင့်ရမယ် Application ထဲကို ဝင်ရမယ်ဆိုတော့ အဆင့်တွေ အရမ်းများနေသလို ခံစားရပါတယ်။ အခုတင်ပေးထားတာကတော့ အလျင်မြန်ဆုံး အသုံးပြုနိုင်မယ့် Night Lamp Auto ပဲဖြစ်ပါတယ်။ ဒီ Application ထဲမှာ မီးဖွင့်နိုင်တဲ့ Microphone Sensitivity နဲ့ Movement Sensitivity ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ အသံနဲ့ဖွင့်တာကို အသုံးပြုမယ်ဆိုရင် Microphone sensitivity ကို မိမိဖုန်းပေါ်မူတည်ပြီး အဆင်ပြေမယ်ထင်သလောက် ဆွဲထားပါ။ Movement Sensitivity ကိုတော့ အောက်ဆုံးထိဆွဲပြီး ပိတ်ထားလိုက်ပါ။ Movement Sensitivity ကို သုံးမယ်ဆိုရင်လည်း ထိုနည်းတူစွာပါပဲ Microphone sensitivity ကို အောက်အဆုံးထိ ဆွဲပြီးပိတ်ထားလိုက်ပါ။ အသံနဲ့ မီးဖွင့်တဲ့အခါ Microphone နားကို အသံတစ်ချက်လောက်ပေးလိုက်ရင် မီးလင်းသွားပါမယ်။ နောက်တစ်ခါထပ်ပြီး အသံပေးလိုက်ရင် မီးပိတ်သွားပါမယ်။ Screen Off ဖြစ်နေချိန်မှာလဲ အသုံးပြုနိုင်ပါတယ်။ Movement Sensitivity ကတော့ ဖုန်းကို ကိုင်လှုပ်ရင် မီးလင်းပါတယ်။
Updated: July 18, 2013
Requires Android: 2.1 and up
Current Version: 1.7
Category: Tools
Size140KB
Price: Free
Download Night Lamp Auto
Play Store Link____ https://play.google.com/store/apps/details?id=local.marc.nightlamp
0 comments:
Post a Comment