Home » » အလန်းစား Lock Master (Android)

အလန်းစား Lock Master (Android)

Written By 1 Mobile Corner on 04/05/2014 | 4.5.14



Locker Master ဟာ Animation Lock တွေနဲ့  အသုံးပြုနိုင်တဲ့  Lock Scree App တစ်ခု ဖြစ်ပါတယ်။ မိမိစိတ်ခံစားမှုအလိုက် Lock Screen တွေကို အလှဆင်နိုင်ပါတယ်။

ပျော်ရွှင်နေတဲ့အခါ ပျော်စရာကောင်းသော Lock Screen များ၊ ၀မ်းနည်းနေတဲ့အခါ ၀မ်းနည်းမှုကို ဖော်ပြနေတဲ့ Lock Screen များ၊ အထီးကျန်ဆန်နေတဲ့အခါ အထီးကျန်မှုကို ဖော်ပြထားတဲ့ Lock Screen များ စသဖြင့် ခံစားမှုအလိုက် ပြောင်းလဲအလှဆင်နိုင်မှာဖြစ်ပါတယ်။

Lock Screen အားလုံးမှာ Animation နှင့် Sound တွေ ပါဝင်တာမို့ တကယ်ကိုကောင်းလွန်းပါတယ်။ Lock Screen Theme တွေမှာ Lock ဖွင့်တဲ့ အရာတွေကို မထင်မှတ်တဲ့နေရာတွေမှာ ထည့်သွင်းထားတာမို့ အခြားသူတွေ မိမိဖုန်းကို အလွယ်တကူ ဖွင့်နိုင်မှာမဟုတ်ပါဘူး။

Lock Screen Theme တွေကို Play Store နဲ့ချိတ်ကာ အခမဲ့ရယူနိုင်ပါတယ်။ Play Store ကနေ Theme တွေ Install လုပ်ဖို့ အခက်အခဲဖြစ်နေရင် Comment ပေးထားပါ။ ကျွန်တော်တင်ပေးပါမယ်။ ဘာလို့ဒီလောက် ညွှန်းနေသလဲဆိုရင် အရမ်းကောင်းလို့ပါ။

စိတ်ဝင်စားရင် Youtube Trailer လေးကိုကြည့်ပြီး Download Link ကိုနှိပ်၍  Lock Master ကို ရယူနိုင်ပါတယ်။




0 comments:

Post a Comment