Samsung Galaxy S4 မှာ Beats EQ ထည့်သွင်းချင်တယ်ဆိုရင် Root Access ရှိရန်နှင့် CWM တင်ထားရန် လိုအပ်ပါတယ်။
Root လည်းရှိပြီ CWM လည်း တင်ထားပြီးပြီဆိုရင် Beats EQ ထည့်သွင်းလို့ ရပါပြီ။ မိမိဖုန်းနဲ့ ကိုက်ညီမယ့်ဖိုင်လေးတွေကို အရင်ဒေါင်းထားလိုက်ပါ။
1- GT-I9500 အတွက်---- http://d-h.st/AHs
2- GT-I9505 အတွက်---- http://d-h.st/7Jm
အထက်က File လေးတွေကို SD Card ထဲ ထည့်ပြီး ဖုန်းကို Power ပိတ်လိုက်ပါ။
Recovery Mode ၀င်ဖို့ ဖုန်းရဲ့ Volume Up + Home + Power ခလုတ်သုံးခုကို တွဲ၍ဖိထားပြီး Samsung Galaxy S4 Logo တက်လာရင် လွှတ်လိုက်ပါ။ Recovery Mode ထဲရောက်သွားပါလိမ့်မယ်။
Install Zip From SD Card သို့မဟုတ် Choose Zip From SD Card မှတစ်ဆင့် SD Card ထဲထည့်ထားတဲ့ သက်ဆိုင်ရာ Zip File လေးကိုရွေးပြီး Flash လုပ်ပေးလိုက်ပါ။
Install Complete ဖြစ်သွားရင် Back ကိုသွားပြီး Reboot System Now ကိုရွေးပါ။
ပုံမှန်အနေအထားအတိုင်း ဖြစ်သွားပြီဆိုရင် Setting>> Sound>> Music Effect သို့ အဆင့်ဆင့် ဝင်ရောက်ပြီး Beats EQ ကို ရွေးလိုက်ပါ။
သီချင်းနားထောင်ကြည့်ပါ အရင်ကထက် ပိုမိုကောင်းမွန်လာတာကို တွေ့ရပါလိမ့်မယ်။
ကျွန်တော့်ဖုန်း Samsung Galaxy S4 GT-I9500 မှာ အခုနည်းနဲ့ပဲ လက်တွေ့စမ်းသပ်ပြီး Install လုပ်ထားတာပါ။ အားလုံးအဆင်ပြေပါတယ်။
စိတ်ဝင်စားရင်တော့ ကိုယ်တိုင်လုပ်ကြည့်နိုင်ပါတယ် သတိထားဖို့တော့ လိုအပ်ပါတယ်။ ဖုန်းတစ်ခုခု ဖြစ်ခဲ့ရင်တော့ သူငယ်ချင်းတို့ရဲ့ စွန့်စားမှုတစ်ခုလို့သာ သတ်မှတ်ပေးပါရန်။


0 comments:
Post a Comment