Home » » Android Hardware နှင့်ပတ်သက်သော အချက်အလက်တွေ ကြည့်နိုင်တဲ့ CPU-Z v1.0.4

Android Hardware နှင့်ပတ်သက်သော အချက်အလက်တွေ ကြည့်နိုင်တဲ့ CPU-Z v1.0.4

Written By 1 Mobile Corner on 21/01/2014 | 21.1.14


Computer မှာတော့ CPU-Z ဆိုတဲ့ Software လေးကို လူတိုင်းနီးပါး သိကြပါတယ်။ အခုတင်ပေးလိုက်တာကတော့ Android Phone အတွက် ဖြစ်ပါတယ်။

ဒီ Application လေးမှာ Tab 5-ခု ပါဝင်ပါတယ်။ အောက်မှာ တစ်ခုချင်းစီ ကြည့်လိုက်ပါ။

1- SOC
CPU အမျိုးစား၊ အမြန်နှုန်း၊ တည်ဆောက်မှုပုံစံ အသေးစိတ်ကို ကြည့်ရှုနိုင်ပါတယ်။

2- System
Phone Model, ထုတ်လုပ်မှုအမှတ်တံဆိပ်၊ Android Version, Kernel Version, Screen Resolution စသော အချက်အလက်များကို ကြည့်ရှုနိုင်တဲ့အပြင် RAM ဘယ်လောက်ရှိတယ်ဆိုတာနှင့် Root Access ရှိမရှိပါ သိနိုင်ပါတယ်။

3- Battery
Battery အားအခြေအနေ၊ အပူချိန်နှင့်၊ Battery အမျိုးအစားကို ကြည့်ရှုနိုင်ပါတယ်။

4- Sensor
ဖုန်းမှာ လက်ရှိအလုပ်လုပ်နေတဲ့ Sensor ကိုဖော်ပြပြီး ဘယ်လောက်အထိ အလုပ်လုပ်နေတယ်ဆိုတာကို သိနိုင်ပါတယ်။

5- About
ဒါကတော့ အဆင်မပြေတဲ့အခါ အကြောင်းကြားနိုင်ဖို့ Send Debug infos နှင့် Setting တို့ ပါဝင်ပါတယ်။

Updated: 25 July 2013
Requires Android: 2.2 and up
Current Version: 1.04
Size: 316KB



0 comments:

Post a Comment