မင်္ဂလာပါ…
Samsung Galaxy Y (GT-S5360) ကို Root လုပ်ဖို့အတွက် Settings> Applications> Development> USB Debugging ကို On ထားပေးပါ။
ပြီးရင် update.zip ဆိုတဲ့ File လေးကို Download လုပ်ပြီး SD Card ထဲကို ထည့်ပေးထားပါ။
SD Card ကို Format လုပ်ပြီးမှ ထည့်ရင်တော့ ပိုကောင်းပါတယ်။ အဲဒီ File လေးကို SD Card ထဲ ထည့်ပြီးရင် ဖုန်းကို Power ပိတ်လိုက်ပါ။
Volume Up + Home + Power ခလုတ်သုံးခုကို တစ်ပြိုင်တည်း နှိပ်လိုက်ပြီး Samsung Logo တက်လာရင် လွှတ်လိုက်ပါ။
Recovery Mode ဝင်သွားပါလိမ့်မယ်။ Recovery Mode ထဲရောက်ရင် Volume Up နှင့် Volume Down ကို အသုံးပြုပြီး Update from sd card ကိုရွေးပြီး Home ကို နှိပ်ပေးလိုက်ပါ။
အားလုံး Complete ဖြစ်ရင် Reboot system now ကို နှိပ်ပေးလိုက်ပါ။ ဖုန်းထဲမှာ Super User လေးရောက်နေပါလိမ့်မယ်။ ဒါဆိုရင် Samsung Galaxy Y (GT-S5360) ကို Root လုပ်ခြင်းပြီးဆုံးပါပြီ။
ကျေးဇူးတင်ပါသည်…
