Home » » Samsung Galaxy Ace GT-S5830i Root လုပ်နည်း

Samsung Galaxy Ace GT-S5830i Root လုပ်နည်း

Written By 1 Mobile Corner on 04/11/2013 | 4.11.13



update.zip file ကို Download လုပ်ပါ။ file size က 1.1MB ရှိပါတယ်။

Download link

SD Card ထဲမှာ ရှိတာတွေအားလုံးကို ရှင်းထားပေးစေချင်ပါတယ်။ Recovery mode ထဲ ရောက်ရင် ရှုပ်နေမှာစိုးလို့ပါ။ SD Card Format လုပ်ပြီးရင် Download လုပ်ထားတဲ့ File ကို အဲဒီ SD Card ထဲ ထည့်ထားပါ။

USB debugging နှင့် Unknown Sources ကို On ထားပါ။ အားလုံးပြီးရင် Phone ကို Power ပိတ်လိုက်ပါ။ Recovery mode ကို ၀င်ပါမယ်။ (Volume up+ Home+ Power) ခလုတ်သုံးခုကို တစ်ပြိုင်တည်းနှိပ်ပါ။

Recovery mode ကိုရောက်ရင် Volume key ရယ် Home key ကို အသုံးပြုပြီး လိုရာကိုသွားပါမယ်။ Recovery Mode မှ Apply update from sd card ကို နှိပ်ပြီး အခုဏက SD Card ထဲထည့်ထားတဲ့ Zip file လေးကို ရွေးပေးပါ။

Install လုပ်လို့ပြီးရင် Reboot system now ကို နှိပ်ပါ။ Superuser Icon တစ်ခု ရောက်နေပါလိမ့်မယ်။ Root လုပ်တာပြီးပါပြီ။

0 comments:

Post a Comment