Home » » Stock Recovery နှင့် Custom Recovery အကြောင်း

Stock Recovery နှင့် Custom Recovery အကြောင်း

Written By 1 Mobile Corner on 18/10/2013 | 18.10.13



Recovery မှာ Stock Recovery နဲ့ Custom Recovery ( CWM) ဆိုပြီး နှစ်မျိုးရှိပါတယ်။

Stock Recovery
-----------------
Stock Recovery ဆိုတာက Official Firmware မှာ နဂိုမူလက ပါဝင်လာတဲ့ Recovery တစ်ခုဖြစ်ပြီး Framework နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ နောက်တစ်ခုက Official တွေကိုပဲ Update လုပ်ခွင့်ရှိပါတယ်။ Function တော့ စုံစုံလင်လင် သုံးလို့မရပါဘူး။

Reboot System Now
Apply Update From SD Card
Wipe Data/Factory Reset
Wipe Cache Partition
Stock Recovery မှာ အဲဒါလေးတွေပဲ ပါဝင်ပါတယ်။

Custom Recovery ( CWM)
-------------------------------------
Custom Recovery ဆိုမှာဆိုရင် Custom Rom တွေ တင်လို့ရမယ်။ Function တွေ ပိုပြီး စုံစုံလင်လင် သုံးခွင့်ရှိလာမယ်။ Rom တစ်ခုလုံးကို Backup နှင့် Restore ပြန်လုပ်လို့လည်း ရတယ်။ Firmware ရဲ့ Framework ကို Modify လုပ်ထားတဲ့ သဘောပေါ့။ သူ့ရဲ့ အားနည်းချက်က Official Firmware ကို Update လုပ်ခွင့်မရှိတော့ပါဘူး။ Bluetooth Error နှင့် Camera Error ရှိတတ်ပါတယ်။ ဒါက ကျွန်တော်ဖြစ်ခဲ့ဖူးတာလေးတွေပါ။

Reboot System Now
Apply Update From SD Card
Wipe Data/Factory Reset
Wipe Cache Partition
Install Zip From SD Card
Backup And Restore
Mounts and storage
Advanced ဆိုတာတွေ ပါဝင်လာပါတယ်။

Custom Recovery မှာ ထူးခြားမှုတစ်ခုအနေနဲ့ Install Zip From SD Card နှင့် Backup And Restore ဆိုပြီး နှစ်မျိုး ပါဝင်လာပါတယ်။ Install Zip From SD Card ကို အသုံးပြုပြီး မြန်မာစာထည့်သွင်းနိုင်သလို Root လည်း ဖောက်နိုင်ပါတယ်။ မြန်မာစာထည့်မယ်ဆိုရင် MM Font.zip ကို SD Card ထဲ ထည့်ပြီး Install Zip From SD Card ကနေတစ်ဆင့် Install လုပ်ပေးရုံနဲ့ မြန်မာစာမြင်နိုင်ပါတယ်။

သိသလောက်ရေးထားတာ ဖြစ်တဲ့အတွက် အမှားအယွင်းများ ရှိခဲ့ရင် ကြိုတင်တောင်းပန်အပ်ပါသည်။

0 comments:

Post a Comment