Home » , » Model နိမ့် Adroid ဖုန်းမှာ Voice call နှင့် Video call ထည့်နည်း

Model နိမ့် Adroid ဖုန်းမှာ Voice call နှင့် Video call ထည့်နည်း

Written By 1 Mobile Corner on 27/10/2013 | 27.10.13


မော်ဒယ်နိမ့်သောဖုန်းတွေမှာ Gtalk ကို Chat လောက်ပဲ အသုံးပြုလို့ရကြပါတယ်။ Voice call နှင့် Video call မရပါဘူး။ အဲဒီလို Voice Call နှင့် Video call မရတဲ့ဖုန်းတွေကို ရအောင် ကျွန်တော် ပြောပြမှာဖြစ်ပါတယ်။ မိမိပြုလုပ်မယ့်ဖုန်းဟာ Root လုပ်ထားဖို့တော့ လိုအပ်ပါတယ်။

ပထမဆုံးအဆင့်အနေနဲ့ အောက်က File နှစ်ခုကို Download လုပ်ပါ။

Root Explorer အား ရယူရန်

Talk_with_AV.zip အား ရယူရန်



Method : Using Root Explorer

  1. Download လုပ်ထားသော Root Explorer ကို Install ပြုလုပ်ပါ
  2. Download လုပ်ထားသော Talk_with AV.zip ကို SC card ထဲမှာ Extract ပြုလုပ်ပါ။ talk2.apk နှင့် libtalk_jni.so ဆိုတဲ့ File နှစ်ခု ရရှိပါလိမ့်မယ်။
  3. Root Explorer ထဲသို့ ဝင်၍ SD Card ထဲရှိ talk2.apk ကို Long Press ဖိထားပြီး Copy လုပ်ပါ
  4. ဆက်လက်ပြီး Back Key နှိပ်၍ Root Explore ထဲမှ System ရှိရာအထိသွားပါ System ကို တွေ့ပြီဆိုရင် System ကို နှိပ်ပါ
  5. နောက်တစ်ဆင့်အနေနဲ့ App ကို ဆက်နှိပ်ပါ။
  6. Root Explore အပေါ်ဘက်မှ Mount R/W ကို တစ်ချက်နှိပ်ပါ Mount R/O သို့ပြောင်းလဲသွားပါလိမ့်မယ်။
  7. အဲဒီလို R/O ဖြစ်သွားပြီဆိုရင် Root Explorer အောက်ခြေမှ Paste ကို နှိပ်ပါ။
  8. အခုဆိုရင် မိမိ App ထဲတွင် talk.apk နှင့် talk2.apk ဆိုပြီး နှစ်ခုရှိနေမှာဖြစ်ပါတယ်။
  9. talk.apk ကို Long Press ဖိ၍ Rename ကို နှိပ်ပါ Talk.apk ကို Talk.apk1 ဟု ရေးပြီး Ok နှိပ်ပါ။
  10. talk2.apk ကို Long Press ဖိ၍ Permissions ကို ဆက်နှိပ်ပါ။ Box တစ်ခုကျလာပါလိမ့်မယ်
  11. Owner မှာ Read နှင့် Write ကို အမှန်ခြစ်ပေးပါ။
  12. Group မှာ Read ကို အမှန်ခြစ်ပေးပါ။
  13. Others မှာ Read ကို အမှန်ခြစ်ပေးပါ။
  14. ပြီးရင် OK ကို နှိပ်လိုက်ပါ။
  15. ဆက်လက်ပြီး talk2.apk ကို Long Press ဖိထား၍ Rename ကို နှိပ်ပါ။
  16. talk2.apk ကို talk.apk ဟု ရေးပြီး OK နှိပ်ပါ။
  17. ဒါဆိုရင် Back Key ကို နှိပ်၍ SD Card မှ တစ်ဆင့် မိမိ Extract ပြုလုပ်ခဲ့သော File နှစ်ခုရှိရာသို့သွားပါ။
  18. အဲဒီနေရာသို့ရောက်လျှင် libtalk_jni.so ကို Long Press ဖိ၍ Copy လုပ်ပါ။
  19. Back Key ကို နှိပ်၍ Root Explorer အတွင်းမှ system ရှိရာသို့ ရောက်အောင်ပြန်သွားပါ။
  20. system ကိုတွေ့ပြီဆိုရင် နှိပ်လိုက်ပါ။
  21. lib ကို ရှာ၍ တွေ့ပြီဆိုရင် အဲဒီ lib ကို နှိပ်လိုပ်ပါ။
  22. lib အတွင်းသို့ ရောက်ရှိသွားလျှင် Root Explorer အပေါ်ဘက်မှာ Mount R/W ဖြစ်နေပါက Mount R/O ဖြစ်အောင် တစ်ချက်နှိပ်ပေးပါ။
  23. Mount R/O ဖြစ်နေပြီဆိုရင်တော့ Root Explorer အောက်ခြေမှ Paste ကို နှိပ်ပါ။
  24. မိမိ Paste လုပ်ခဲ့သော libtalk_jni.so ပြန်ရှာပါ။
  25. တွေ့ပြီဆိုရင် libtalk_jni.so ကို Long Press ဖိ၍ ကျလာသော Box အတွင်းမှ Permissions ကို နှိပ်ပါ။
  26. Owner မှာ Read နှင့် Write ကို အမှန်ခြစ်ပေးပါ။
  27. Group မှာ Read ကို အမှန်ခြစ်ပေးပါ။
  28. Others မှာ Read ကို အမှန်ခြစ်ပေးပါ။
  29. ပြီးရင် OK ကို နှိပ်လိုက်ပါ။
  30. မိမိဖုန်းရဲ့ Home Screen သို့ ရောက်အောင်သွားပါ။
  31. ဖုန်းကိုပါဝါပိတ်ပြီး ပြန်ဖွင့်ပါ။
  32. 3G Network ကို ဖွင့်၍ မိမိဖုန်းထဲရှိ Application များထဲမှ Talk ကို ဖွင့်ပါ။
  33. Gtalk မှာ မိမိ Own status ရေးသောနေရာကို နှိပ်ပါ။ (ဥပမာ: ကျွန်တော်အပါအဝင် လူတော်တော်များများရေးတတ်ကြတယ်လေ အလုပ်များနေသည် မအားပါ။ အဲဒီလိုရေးတဲ့နေရာကိုပြောတာ။) အဲဒီအောက်မှာ Allow video and voice chats ဆိုတာလေးကို အမှန်ခြစ်ပေးလိုက်ပါ။

ဒါဆိုရင် အရင်တုန်းက အကောင့်ရဲ့နောက်မှာပေါ်နေတဲ့ အစိမ်းလုံး၊ အဝါလုံး၊ အနီလုံးလေးတွေက Video Icon သို့မဟုတ် Song Icon လေးတွေပေါ်နေလိမ့်မယ်။
သူငယ်ချင်းတစ်ယောက်ယောက်ကို စမ်းပြီးခေါ်ကြည့်ပေါ့ခင်ဗျာ။
ကျွန်တော်ကိုယ်တိုင်စမ်းသပ်ထားတာပါ အားလုံးအဆင်ပြေပါတယ်။

0 comments:

Post a Comment