Home » » ADB နဲ့ Fastboot အကြောင်း

ADB နဲ့ Fastboot အကြောင်း

Written By 1 Mobile Corner on 20/10/2013 | 20.10.13



ADB နဲ့ Fastboot ဆိုတာဘာလဲ...

###########
@@ADB @@
###########

ADB ရဲ့ နာမည်အရှည်ကတော့ Android Debug Bridge ဖြစ်ပါတယ်။

ADB ဆိုတာက Android ဖုန်းတွေမှာ ခိုင်းလို့ရတဲ့ Tool Kit ဖြစ်ပြီး Computer ကနေ ဖုန်းကို ချိတ်ဆက်ပြီး ခိုင်းရမှာဖြစ်ပါတယ်။

Phone မှာ USB Debugging ဆိုတဲ့ဟာကို ဖွင့်ထားမှ Computer ကနေ Phone ကို ADB Tool Kit နဲ့ ခိုင်းလို့ရမှာဖြစ်ပါတယ်။

ADB ဆိုတာ Command Line ကနေခိုင်းရတာ Tool Kit တစ်ခုဖြစ်ပါတယ်။

Command မှာ သူ့ရဲ့ သက်ဆိုင်ရာ Code တွေကို ရိုက်ပြီး ဖုန်းကိုခိုင်းရမှာပါ။

သူ့ရဲ့ သက်ဆိုင်ရာ Code တွေကို ရိုက်ပြီးတော့ ဖုန်းကို မြန်မာဖောင့်ထည့်တာ၊Application တွေထည့်တာ၊Root လုပ်တာ၊Recovery ထည့်တာ၊ Fastboot Mode ကိုဝင်တာ၊ Partition တွေကိုကြည့်တာ

Recovery Mode ကိုဝင်တာ၊Factory Reset ချတာ၊Computer ကနေ ဖုန်းထဲကို File တွေ သွင်းတာ၊ဖုန်းထဲကနေ Computer ထဲကို File တွေ ဆွဲထုတ်တာ၊Device သိမသိစစ်တာ၊Device Root ရှိမရှိစစ်တာ၊အစရှိသဖြင့်ပေါ့ အများကြီးလုပ်လို့ရပါတယ်။

##############
@@Fastboot@@
##############

ဖုန်းအများစုမှာတော့ Fastboot ကို Volume Down + Power ကို နှိပ်ခေါ်ရတာများပါတယ်...

သူကနေ Recovery ကို Flash တာ၊Recovery ကိုဖျက်တာ၊Boot ကို Flash တာ၊Boot ကို ဖျက်တာ၊System ကို Flash တာ၊System ကိုဖျက်တာ၊Reboot လုပ်တာတို့ အများကြီးလုပ်လို့ရပါတယ်။

အဲ့ဒါအပြင် Command Line bat file တွေပါရေးလို့ရပါသေးတယ်။

နောက်သင်ခန်းစာမှာ ADB နဲ့ ပတ်သက်တဲ့ Code တွေနဲ့ ADB နဲ့ ပတ်သက်တဲ့ bat file ရေးနည်းတွေပါ သင်ပေးပါ့မယ်ခင်ဗျာ။

Credit : http://www.superstarmobilemdy.com/

0 comments:

Post a Comment