Home »
Android Tools
» မလေးရှားက DIGI ရဲ့  Voice Mail ပိတ်နည်း
မလေးရှားက DIGI ရဲ့  Voice Mail ပိတ်နည်း
Written By 1 Mobile Corner on 24/06/2013 | 24.6.13
အားလုံး သိကြမှာဖြစ်သလို အားလုံးလည်း DiGi ကို ဝိုင်းပြီ မေတ္တာပို့နေကြမှာပါ.. ကိုယ်တိုင်လည်း ခံခဲ့ရဖူးတာ ဆိုတော့လေ...:D
ဒီနေ့မှ ညီမလေး တစ်ယောက်က မေးတာနဲ့ တိုက်ဆိုင်နေလို့ လုပ်ပေးရင်း မသိသေးတဲ့ သူငယ်ချင်းများလည်း ဗဟုသုတ ရအောင် မျှဝေပေးလိုက်ပါတယ်...။
ဒီလိုပါ.... အရေးကြောင်းရှိလို့ တစ်စုံတစ်ယောက်ဆီကို ဖုန်းခေါ်ရင် (တူတူ တူတူ) နဲ့ ဖုန်းခေါ်နေမှာပါ.. (တူတူ တူတူ) ဆိုတဲ့ အသံ (၆) ကြိမ်မြောက်မှာ တဖက်လူက ဖုန်း ကိုင်ချင်ကိုင် မကိုင်ရင်တော့ DiGi အော်ပရေတာ က သိကြတဲ့ အတိုင်းပါပဲ အော်တိုမက်တစ် တစ်မိနစ်စာ (၁၈ ပြားလား ဘယ်လောက်လဲတော့ သေချာ မမှတ်မိပါဘူး) ဖြတ်လိုက်တာပါ...(၁၀) ကြိမ်ခေါ်လို့ တဖက်လူက ဖုန်းမကိုင်ခဲ့ရင် (၁၀) ကြိမ်လုံး ဘာစကားတစ်ခွန်းမှ မပြောလိုက်ရပဲ ပိုက်ဆံကို မတရား ခေါင်းပုံ ဖြတ်တာပါ...။
အဲ့ပြဿနာကို အောက်က နည်းလေးအတိုင်း ဖြေရှင်းပေးလိုက်ပါ... အားလုံး ပြီးသွားရင်တော့ ဖုန်းကို မကိုင်မချင်း ခေါ်ပေးမဲ့အပြင် တဖက်လူက ဖုန်းမကိုင်ခဲ့ရင်လည်း သူ့ဘာသာသူ လိုင်းကျသွားစေမှာပါ.... မလိုအပ်ပဲ ပိုက်ဆံ မဖြတ်တော့ပါဘူး..
ပထမဆုံး *128*1*9*3*4*1# ကိုနှိပ်ပြီး Call ခလုတ်နဲ့ ခေါ်လိုက်ပါ... ခဏစောင့်ပါ..။
Your Voicemail Service(s) has been deactivated. ဆိုတဲ့
SMS တစ်စောင် ရောက်လာပါမယ်..။
နောက်တစ်ခါ...
*128*1*9*3*3*1# ကိုနှိပ်ပြီး စောစောကလို Call ခလုတ်နဲ့ ခေါ်ပါ....။
Missed Call Alert Only Activation Successful. ဆိုတဲ့ SMS တစ်စောင် ရောက်လာပြီဆိုရင်တော့ အခြား ဖုန်းတစ်လုံးနဲ့ မိမိဖုန်းကို ခေါ်ကြည့်လိုက်ပါ ...
မျှဝေပေးတဲ့ သူငယ်ချင်းကို ကျေးဇူးပါ... ဒါပေမဲ့ မမှတ်မိတော့တဲ့ အတွက် Credit မပေးနိုင်တာကို နားလည်ပေးပါ...:)ဝေပေးတဲ့ သူငယ်ချင်းကို ကျေးဇူးပါ... ဒါပေမဲ့ မမှတ်မိတော့တဲ့ အတွက် Credit မပေးနိုင်တာကို နားလည်ပေးပါ...:)
Credit To: ဝင်းကမ္ဘာကျော် နည်းပညာမှတ်တမ်း
0 comments:
Post a Comment