CF-Auto-Root ကို အသုံးပြု၍ Samsung Galaxy S4 LTE (GT-I9505) Android 4.2.2 Jelly Bean ကို Root လုပ်နည်းလေးပါ အဆင့်လိုက် ရှင်းပြပေးထားတာဖြစ်တဲ့အတွက် အဆင်ပြေစွာ Root လုပ်နိုင်မည်ဟု ယုံကြည်မိပါတယ်
- Samsung USB Driver မရှိသေးရင် Download လုပ်၍ Computer တွင် Install ပြုလုပ်ပါ
- CF-Auto-Root ကို Download လုပ်၍ Computer ပေါ်တွင် Extract ပြုလုပ်ပါ
- Odin3 v1.85 ကို Download လုပ်၍ Computer ပေါ်တွင် Extract ပြုလုပ်ပါ
- Root လုပ်မည့် ဖုန်းတွင် Battery 50% ရှိရန်လိုအပ်တဲ့အတွက် ရှိမရှိစစ်ဆေးပါ
- USB Debugging ကို ON ထားပေးပါ
- ဖုန်းကို Power ပိတ်ပါ
- Download Mode သို့ဝင်ရန် Volume Down+Home+Power ခလုတ်သုံးခုအား တစ်ပြိုင်တည်းနှိပ်ပါ Warning Screen ပေါ်လာရင် Volume Up ကို တစ်ချက်ဆက်နှိပ်ပါက Download Mode သို့ရောက်ပါပြီ
- Computer ပေါ်တွင် Extract ပြုလုပ်ခဲ့သော Odin 3.07 ကို Run ပါ
- USB Cable ကို အသုံးပြု၍ ဖုန်းနှင့် Computer အားချိတ်ဆက်ပါ
- Odin ရဲ့ ID:COM ဆိုတဲ့နေရာမှာ အပြာရောင်တက်လာရင် Root လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ
- Odin ရဲ့ PDA နေရာမှာ Computer ပေါ်တွင် Extract ပြုလုပ်ခဲ့သော CF-Auto-Root-jflte-jfltexx-gti9505.tar.md5 ဆိုတာကို ထည့်လိုက်ပါ
- Auto Reboot နှင့် F. Reset Time ကို အမှန်ခြစ်ပေးပါ အခြားမည်သည့်နေရာကိုမှ အမှန်ခြစ်ရန်မလိုအပ်ပါဘူး
- အထက်ကအဆင့်တွေ မှန်ပြီဆိုရင် Start ကို နှိပ်၍ ခဏစောင့်ပါ
- Odin ရဲ့ ID:COM ဆိုသောနေရာတွင် PASS ပြပြီးလျင် ဖုန်းကအလိုလျောက်ပါဝါပိတ်၍ ပါဝါပြန်တက်လာပါလိမ့်မယ်။
- ပါဝါပြန်တက်လာပြီဆိုရင်တော့ Root လုပ်တာ အောင်မြင်စွာပြီးဆုံးပြီဖြစ်ပါတယ် အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ.....
0 comments:
Post a Comment