ဒီနည်းနဲ့ Samsung Galaxy S4 တင်မဟုတ်ပဲ 4.2 Version တွေ အားလုံးမှာရပါတယ်။ ကျွန်တော်ကိုယ်တိုင်ပဲ Samsung Galaxy S3 (GT-I9300) ကို Official Jellybean Leaked Firmware 4.2.2 တင်ပြီးတဲ့အချိန်မှာ Developer Options ကို ရှာကြည့်တော့ ဘယ်မှာမှမရှိဘူးဖြစ်နေတယ်။ အခုတော့ တွေ့သွားပါပြီ။ ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းလေးကို ပြောပြပါမယ်။ မိမိဖုန်းရဲ့ (Settings > More > About Device) အထိ အဆင့်ဆင့်သွားပါ။ About Device ထဲ ရောက်ပြီဆိုရင် အောက်ဆုံးအထိ Scroll ဆွဲကြည့်လိုက်ပါ။ Build Number ဆိုတာကို တွေ့ရပါလိမ့်မယ်။ အဲဒီ Build Number ကို အဆက်မပြတ် ၇ ချက်နှိပ်လိုက်ပါ။ တစ်ခါတစ်လေ ၄ ချက်လောက်နဲ့လည်း ရတတ်ပါတယ်။ ပြီးရင် Back Key နဲ့ More ထဲကို ပြန်ဝင်ကြည့်လိုက်ပါ။ Developer Options လေး ရောက်နေပါပြီဗျာ။ Developer Options ထဲမှာပဲ USB Debugging Mode ရှိပါတယ်။ အဆင်ပြေပါစေ…
0 comments:
Post a Comment