Samsung Galaxy S3 အတွက် Android Version 4.2.2 Official Jellybean Leaked Firmware တင်နည်းလေးဖြစ်ပါတယ်။ အခုတင်ပေးလိုက်တဲ့ Android Version 4.2.2 Firmware မှာ Gallery က ပိုပြီးလှပလာတာကိုတွေ့ရသည့်အပြင် Notification Bar မှာ Toggle များစွာထည့်နိုင်ပါတယ်။
အကောင်းဆုံးတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် အရင် Android Version 4.1.1 မှာလို မြန်မာစာမမှန်တာတွေ မရှိတော့ပါဘူး။ Samsung Galaxy S3 ကိုင်ပြီး မြန်မာစာမမှန်လို့ စိတ်ညစ်နေသူတွေအတွက် တန်ဖိုးရှိတဲ့ Android Version 4.2.2 ကို ကိုယ်တိုင်တင်နိုင်ရန် နည်းလမ်းလေးတစ်ခု ဖော်ပြပေးရခြင်းဖြစ်ပါတယ်။ ကျွန်တော်ရှင်းပြတဲ့အတိုင်းသာ လိုက်လုပ်ကြည့်ပါက ဘာအခက်အခဲမှမရှိတာကို တွေ့ရပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီးသားဖြစ်တဲ့အတွက် Android 4.2.2 ကို အဆင်ပြေစွာရယူနိုင်ပါတယ်ခင်ဗျာ......
- Samsung USB Driver မရှိသေးရင် Download လုပ်၍ Computer တွင် Install ပြုလုပ်ပါ
- I9300XXUFME3_I9300OJKFME1_ILO.zip ကို Download လုပ်၍ Computer ပေါ်တွင် Extract ပြုလုပ်ပါ။
- Odin3_v3.04.zip ကို Download လုပ်၍ Computer ပေါ်တွင် Extract ပြုလုပ်ပါ။
- Firmware တင်မည့်ဖုန်းတွင် Battery 75% ရှိရန်လိုအပ်တဲ့အတွက် ရှိမရှိစစ်ဆေးပါ။
- USB Debugging ကို ON ထားပေးပါ။
- ဖုန်းကို Power ပိတ်ပါ။
- Download Mode သို့ဝင်ရန် Volume Down+Home+Power ခလုတ်သုံးခုအား တစ်ပြိုင်တည်းနှိပ်ပါ။
- Warning Screen ပေါ်လာရင် Volume Up ကို တစ်ချက်ဆက်နှိပ်ပါက Download Mode သို့ရောက်ပါပြီ။
- Computer ပေါ်တွင် Extract ပြုလုပ်ခဲ့သော Odin3_v3.04 ကို Run ပါ။
- USB Cable ကို အသုံးပြု၍ ဖုန်းနှင့် Computer အားချိတ်ဆက်ပါ။
- Odin ရဲ့ ID:COM ဆိုတဲ့နေရာမှာ အပြာရောင်တက်လာပါလိမ့်မယ် (သေချာဂရုစိုက်ပါ အရောင်မတက်လျှင် Driver အား ပြန်လည်စစ်ဆေးပါ)
- Odin ရဲ့ PDA နေရာမှာ Computer ပေါ်တွင် Extract ပြုလုပ်ခဲ့သော I9300XXUFME3_I9300OJKFME1_ILO.zip ထဲမှ I9300XXUFME3_I9300OJKFME1_HOME.tar.md5 ဆိုတာကို ထည့်လိုက်ပါ။
- Auto Reboot, F. Reset Time နှင့် PDA ကို အမှန်ခြစ်ပေးပါ (Re-Partition ကို အမှန်ခြစ်ရန်မလိုအပ်သလို အခြားမည်သည့်နေရာကိုမှ အမှန်မခြစ်ပါနဲ့)
- အထက်ကအဆင့်တွေ မှန်ပြီဆိုရင် Start ကို နှိပ်၍ ခဏစောင့်ပါ။ (၃ မိနစ် ၄ မိနစ်ကြာတတ်ပါတယ်)
- Odin ရဲ့ ID:COM ဆိုသောနေရာတွင် PASS ပြပြီးလျှင် ဖုန်းကအလိုလျောက်ပါဝါပိတ်၍ ပါဝါပြန်တက်လာပါလိမ့်မယ်။ (ဖုန်းရဲ့ Home Scree ကို မြင်ရမှ Computer နှင့်ချိတ်ထားသော USB Cable အား ဖြုတ်ပါ)
ကဲ...... ဒါဆိုရင် မိမိဖုန်းရဲ့ Android Version ကို ကြည့်လိုက်ပါ။ 4.2.2 နဲ့ အဆင်ပြေနေပါလိမ့်မယ်။
Root လုပ်ချင်သေးတယ်ဆိုရင်တော့ ဒီနေရာတွင် လေ့လာနိုင်ပါတယ်။
စေတနာများစွာဖြင့်.......
i9300 XXELKB မှာရလား FAILED ဖြစ်နေတယ်အစ်ကိုရေ
ReplyDeleteှSamsung Galaxy S3 GT-I9300, Android Version 4.1 မှာ တင်လို့ရပါတယ် Bro....
ReplyDeleteကျေးဇူးပါအကိုရေးရပြီဗျ
ReplyDeleteအစ်ကိုpasswordကိုmd5ဖြေတဲ့appလေးရှိရင်ညွှန်းပေးပါလားအစ်ကို
ReplyDelete