Android ဖုန်းအတွက် Photo editor တစ်ခုဖြစ်တဲ့ PicSay Pro Update လေးကို တင်ပေးလိုက်ပါတယ် အရင်တစ်ခါ Version ထက် ပိုမိုပြည့်စုံကောင်းမွန်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လှပသော Sticker များနှင့် Effect များ ပါဝင်လာသည့်အပြင် Custom Font များကိုလည်း မိမိစိတ်ကြိုက် ထည့်သွင်းအသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဓါတ်ပုံတစ်ပုံပေါ်မှာ နောက်ထပ်ဓါတ်ပုံများကို ထပ်ပြီးပေါင်းထည့်နိုင်ဖို့အတွက် Insert Picture လို Feature မျိုးလည်း ထည့်သွင်းပေးထားပါတယ်။ Custom Font ကို အသုံးပြုမယ်ဆိုရင်တော့ My File ရဲ့ Root Folder ထဲမှာ Fonts ဆိုတဲ့ Folder တစ်ခုတည်ဆောက်ရန်လိုအပ်ပြီး အဲဒီ Fonts Folder ထဲမှာ မိမိအသုံးပြုချင်သော Font များကို ထည့်သွင်းပေးထားပါ။ ဒါဆိုရင် ဓါတ်ပုံပေါ်မှာ မြန်မာစာရိုက်တဲ့အချိန် ဖုန်း၏ Menu ကို နှိပ်၍ Style ထဲမှ Font ကို ဆက်နှိပ်ပါက Custom Fonts ကို မြင်ရမှာဖြစ်ပါတယ်။
ABOUT THIS APP
UPDATED:April 4, 2013
CURRENT VERSION:1.6
REQUIRES ANDROID:1.5 and up
CATEGORY:Photography
SIZE:1.4M
0 comments:
Post a Comment