CF-AUTO-ROOT ကို အသုံးပြု၍ Samsung Galaxy Note 2 (GT-N7100) Root လုပ်နည်းလေးပါ အဆင့်လိုက် ရှင်းပြပေးထားတာဖြစ်တဲ့အတွက် အဆင်ပြေစွာ Root လုပ်နိုင်မည်ဟု ယုံကြည်မိပါတယ်
- Samsung USB Driver မရှိသေးရင် Download လုပ်၍ Computer တွင် Install ပြုလုပ်ပါ
- CF-Auto-Root ကို Download လုပ်၍ Computer ပေါ်တွင် Extract ပြုလုပ်ပါ
- Odin3.07 ကို Download လုပ်၍ Computer ပေါ်တွင် Extract ပြုလုပ်ပါ
- Root လုပ်မည့် ဖုန်းတွင် Battery 40% ရှိရန်လိုအပ်တဲ့အတွက် ရှိမရှိစစ်ဆေးပါ
- USB Debugging ကို ON ထားပေးပါ (Settings>Developer options>USB debugging)
- ဖုန်းကို Power ပိတ်ပါ
- Download Mode သို့ဝင်ရန် Volume Down+Home+Power ခလုတ်သုံးခုအား တစ်ပြိုင်တည်းနှိပ်ပါ Warning Screen ပေါ်လာရင် Volume Up ကို တစ်ချက်ဆက်နှိပ်ပါက Download Mode သို့ရောက်ပါပြီ
- Computer ပေါ်တွင် Extract ပြုလုပ်ခဲ့သော Odin 3.07 ကို Run ပါ
- USB Cable ကို အသုံးပြု၍ ဖုန်းနှင့် Computer အားချိတ်ဆက်ပါ
- Odin ရဲ့ ID:COM ဆိုတဲ့နေရာမှာ အပြာရောင်တက်လာရင် Root လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ
- Odin ရဲ့ PDA နေရာမှာ Computer ပေါ်တွင် Extract ပြုလုပ်ခဲ့သော CF-Auto-Root-t03g-t03gxx-gtn7100.tar.md5 ဆိုတာကို ထည့်လိုက်ပါ (အခြားမည်သည့်နေရာကိုမှ ပြုပြင်ရန်မလိုအပ်ပါ)
- ဒါဆိုရင် Start ကို နှိပ်၍ ခဏစောင့်ပါ ဖုန်းကအလိုလျောက်ပါဝါပိတ်ပြီး ပါဝါပြန်တက်လာပါလိမ့်မယ် ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းထဲတွင် SuperSU ဆိုတဲ့ Application လေး ရောက်နေပါလိမ့်မယ် အဲဒီထဲကို ဝင်ကြည့်လိုက်ပါ Deny နှင့် Grant ပေါ်လာရင် Grant ကိုနှိပ်လိုက်ပါ။
Samsung Galaxy Note 2 (GT-N7100) ကို အောင်မြင်စွာ Root လုပ်ပြီးဖြစ်ပါတယ် ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားခြင်းဖြစ်သည့်အတွက် စိုးရိမ်စရာမရှိပါခင်ဗျာ.... ကျေးဇူးတင်ပါတယ် အားလုံးပဲ အဆင်ပြေပါစေ။

