Android Phone နှင့် Tablet များအတွက် အသုံးဝင်မယ့် Application တစ်ခုဖြစ်တဲ့ Bump နဲ့ မိတ်ဆက်ပေးပါရစေ Bump ဆိုတာကတော့ မိုဘိုင်းဖုန်းအချင်းချင်း (သို့မဟုတ်) မိုဘိုင်းဖုန်းမှ ကွန်ပျူတာသို့ ဓါတ်ပုံ၊ ဗွီဒီယို၊ သီချင်းနှင့် အခြားဖိုင်များကို အလွယ်တကူလွှဲပြောင်းပေးမယ့် Application ဖြစ်ပါတယ် လွှဲပြောင်းမယ့်ဖုန်း၊ ကွန်ပျူတာတွေမှာ အင်တာနက် (သို့မဟုတ်) WiFi ရှိဖို့တော့ လိုအပ်ပါတယ် Bump Application ကို ဖုန်းထဲတွင် Install လုပ်ပြီးပါက Open ကို နှိပ်ပါ မိမိပို့ချင်သောဖိုင်များအား Select ပေး၍ ရွေးခြယ်လိုက်ပါ ပြီးလျှင် အောက်ကပုံမှာပြထားတဲ့အတိုင်း ဖုန်းတစ်လုံးနဲ့တစ်လုံးကြားမှာ လက်ခံထားပြီးတော့ စောင့်တိုက်လိုက်ပါ ဒါဆိုရင် ရွေးခြယ်ထားသောဖိုင်များ အခြားဖုန်းထဲသို့ ရောက်ရှိသွားပါလိမ့်မယ် ဖုန်းမှ ကွန်ပျူတာသို့ ပို့မယ်ဆိုရင် ကွန်ပျူတာ Browser မှ http://bu.mp ကိုဝင်ကာ ဖုန်းကို ကွန်ပျူတာ Space Bar ပေါ်မှာ တစ်ချက်ပုတ်ချ လိုက်ခြင်းဖြင့် မည်သည့်ဖိုင်ကိုမဆို အလွယ်တကူ လွှဲပြောင်းနိုင်ပါတယ်
ABOUT THIS APP
UPDATED:April 8, 2013
CURRENT VERSION:3.5.8
REQUIRES ANDROID:2.2 and up
CATEGORY:Social
SIZE:7.9MB
PRICE:Free
0 comments:
Post a Comment