Home »
Android Tutorials
,
Tip And Tricks
» Android ဖုန်းတွင် Facebook Home အသုံးပြုနိုင်အောင် Install လုပ်နည်း
Android ဖုန်းတွင် Facebook Home အသုံးပြုနိုင်အောင် Install လုပ်နည်း
Written By 1 Mobile Corner on 14/04/2013 | 14.4.13
လောလောဆယ်မှာတော့ Facebook Home Application ကို Samsung Galaxy S3, Samsung Galaxy Note 2, HTC One, HTC One X, or One X+ တို့မှာသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်
ဒါကြောင့် Facebok Home ကို အသုံးပြုချင်ပေမယ့် သုံးလို့မရသောသူများအတွက် နည်းလမ်းလေးတစ်ခုမျှဝေချင်ပါတယ် ဒီနည်းလမ်းနဲ့ ပြုလုပ်မယ့်ဖုန်းဟာ Root လုပ်ထားစရာမလိုအပ်ပေမယ့် Android 4.0 အထက်ဖြစ်နေဖို့တော့ လိုအပ်ပါတယ် ပထမဆုံး မိမိဖုန်းထဲမှာ Facebook, Facebook Messenger, Facebook Home တို့ ရှိနေရင် Uninstall လုပ်ထားပေးပါ
Facebook ကို Download လုပ်၍ Install လုပ်ပါ ပြီးရင် Done ကို နှိပ်ပါ
Facebook Messenger ကို Download လုပ်၍ Install လုပ်ပါ ပြီးရင် Done ကို နှိပ်ပါ
Facebook Home ကို Download လုပ်၍ Install လုပ်ပါ ပြီးရင် Done ကို နှိပ်ပါ
နောက်တစ်ဆင့်အနေနဲ့ Facebook ကို ဖွင့်၍ မိမိ Facebook Account အား Login ဝင်လိုက်ပါ
Facebook ထဲသို့ရောက်လျှင် Account> App Settings ကို ဝင်၍ Enable Facebook Home ကို အမှန်ခြစ်ထားပေးပါ ပြီးရင်တော့ Facebook Home ကို ဝင်လိုက်ပါ အဆင်ပြေစွာ အသုံးပြုနိုင်ပါစေ...

0 comments:
Post a Comment