Home » , » Freedom Application ပြဿနာ ဖြေရှင်းနည်း

Freedom Application ပြဿနာ ဖြေရှင်းနည်း

Written By 1 Mobile Corner on 17/03/2013 | 17.3.13











Freedom Google Play ကို Install လုပ်မိသောကြောင့် Android ဖုန်းမှာ Google account

(Gmail/Gtalk/Play Store) များ ဝင်၍မရသော ပြဿနာအား ဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကို

ကျွန်တော် ပြောပြမှာဖြစ်ပါတယ်  Freedom Google Play Application ဟာ Play Store မှာ

ပိုက်ဆံပေးဝယ်ရတဲ့ App တွေ Game တွေကို Free ယူလို့ရတယ်ဆိုပြီး သိထားတဲ့အတွက်

လူတော်တော်များများ Install လုပ်မိကြမယ်ထင်ပါတယ် တကယ် Free ရမရတော့ ကျွန်တော်လည်းမသိပါ။

အဲဒီ App ကို Install လုပ်လိုက်ပြီဆိုတာနဲ့ Google account တွေ တစ်ခုမှ ဝင်လို့မရတော့ပါဘူး

"Can't establish a reliable data connection to the server." ဖြစ်နေပါမည်


အောက်ကပုံအတိုင်း ပေါ်နေပါလိမ့်မယ်























ဒီပြဿနာအားဖြေရှင်းဖို့ ဖုန်းကို Factory data reset လုပ်စရာမလိုပါဘူး။

Freedom ဟာ Root လုပ်ပြီးသော ဖုန်းများသာ သုံးနိုင်တဲ့အတွက် သင့်ဖုန်းဟာ Root လုပ်ပြီးသားဖြစ်ပါလိမ့်မယ်






(၁) Root Explorer File Manager ကို Download လုပ်၍ Install ဆက်လုပ်ပါ ပြီးလျင် Open ကို နှိပ်ပါ






(၂) Root Explorer File Manager ထဲမှ အနီရောင်ဘောင်ခတ်ထားသော system ကို နှိပ်ပါ





(၃) system ကို နှိပ်ပြီးရင် အနီရောင်ဘောင်ခတ်ထားသော etc ကို နှိပ်ပါ





(၄) ညာဘက်ထောင့် အနီရောင်ဘောင်အတွင်းမှ Mount R/W ကို Mount R/O ဖြစ်အောင် ပြောင်းပေးလိုက်ပါ  ပြီးရင် အနီရောင်ဘောင်အတွင်းမှ hosts ကို ဖိထားပြီး Delete နှိပ်လိုက်ပါ Home screen ရောက်အောင် Back နှိပ်ပါ
      





(၅) ဖုန်းကို Restart လုပ်ပါ ပါဝါပြန်တက်လာပြီဆိုရင်တော့ Google account အားလုံး ပြန်လည်အသုံးပြုလို့ရတာကို တွေ့ရပါလိမ့်မယ် ဝင်လို့မရဘူးဆိုတဲ့ Gmail/Gtalk/Play Store စသော Google Application တွေမှာ Sign In လုပ်ကြည့်ပါ။ သိပြီး၊တတ်ပြီးသောသူများကို မရည်ရွယ်ပါ.... အဆင်ပြေပါစေ... 



1 comments:

  1. ရသွားပြီး ကျေးဇှုပါ

    ReplyDelete