ပထမဆုံး PC မှာ ရှိတဲ့ Antivirus software တွေကို ပိတ်ထားပေးပါ PC မှာ Samsung KIES ရှိတယ်ဆိုရင်လည်း ပိတ်ထားပါ ဘာလို့လဲဆိုတော့ သူတို့တွေက Odin ကို လက်ခံမှာ မဟုတ်တဲ့အတွက် ပိတ်ထားခြင်းဖြစ်သည်
လိုအပ်တဲ့ File များကို Download လုပ်ရပါမယ်
Samsung USB Driver မရှိသေးလျင် Install လုပ်ပါ
Official Firmware 4.1.2 Download လုပ်၍ Desktop ပေါ်တွင် Zip File ကို ဖြည်ထားပေးပါ
၁- သင်ဖုန်း၏ Settings>About phone မှတစ်ဆင့် Model Number ကိုစစ်ဆေးပါ
၂- USB debugging ကို On ထားပါ (Settings >Developer options>USB debugging)
၃- Battery 50% ရှိဖို့လိုအပ်ပါတယ် (Settings>Battery) အနီရောင်ဘောင်ခတ်ထားသောနေရာတွင် အနည်းဆုံး 50% ရှိရမည်
၎- Phone ကို Power ပိတ်ပါ Battery ကို ၅ စက္ကန့်ထုတ်ပါ ပြီးလျင် Battery ပြန်ထည့်ပါ

၅- Download Mode သို့ ဝင်ရန်အတွက် ဖုန်း၏ Volume Down+Home+Power ကို ပြိုင်တူဖိထားပါ
၆- အထက်ပါပုံအတိုင်းပေါ်လာပြီဆိုရင် Volume Up ကို တစ်ချက်နှိပ်ပေးပါ ဒါဆိုရင် Download သို့ရောက်ပါပြီ
၇- Odin 3.0.4 ကို Run ပါ ပြီးလျင် USB Cable အား အသုံးပြု၍ ဖုန်းကို PC နှင့် ချိတ်ဆက်လိုက်ပါ အနီရောင်ဘောင်ခတ်ထားသောနေရာတွင် အဝါရောင် သို့မဟုတ် အပြာရောင်ပေါ်လာလျင် Offical Firmware 4.1.2 တင်ဖို့ အဆင်သင့်ဖြစ်ပါပြီ
၈- Offical Firmware 4.1.2.zip ကို ဖြည်၍ ရလာသော Folder ထဲမှ File များကို Odin ထဲတွင် ထည့်ပါတော့မယ် Odin ရဲ့
PDA နေရာမှာ CODE_I9100XXLSJ.tar ကိုထည့်ပါ
PHONE နေရာမှာ MODEM_I9100XXLS6.tar ကို ထည့်ပါ
CSC နေရာမှာ CSC_HOME_OXX_I9100XXLS1.tar ကို ထည့်ပါ
PIT နေရာမှာအောက်က နှစ်ခုထဲက တစ်ခုကို ထည့်ပါမယ်
သင့်ဖုန်းက 16GB ဆိုရင် emmc_EXTA4_16GB.pit ကို ထည့်ပါ
သင့်ဖုန်းက 32GB ဆိုရင်တော့ emmc_EXTA4_32GB.pit ကို ထည့်ပါ
PASS! ဆိုတဲ့ စားတမ်းပေါ်လာရင် သင့်ဖုန်းဟာ Auto Reboot ပြုလုပ်နေပါလိမ့်မယ် Samsung Logo တက်လာပြီးရင် Settings>About Phone ကို ဝင်ကြည့်လိုက်ပါ





0 comments:
Post a Comment