Home » » SAMSUNG GALAXY S3 (GT-I9300) ROOT လုပ်နည်း

SAMSUNG GALAXY S3 (GT-I9300) ROOT လုပ်နည်း

Written By 1 Mobile Corner on 09/02/2013 | 9.2.13


Samsung Galaxy S3 (GT I9300) Android 4.1.1/ 4.1.2 Jelly Bean Firmware ကို CF Root နှင့် Odin ကိုအသုံးပြုပြီး လွယ်ကူစွာ Root လုပ်နိုင်ပါတယ်  Root လုပ်မယ်ဆိုရင် သင့်ဖုန်း Warranty ဆုံးရှုံးမှာ ဖြစ်ပါတယ် တစ်စုံတစ်ခု မှားယွင်းစွာပြုလုပ်မိပြီး ဖုန်းပျက်ဆီးသွားခဲ့သော် ပြုလုပ်သူတာဝန်သာဖြစ်ပါတယ် ဒါပေမယ့် မစိုးရိမ်ပါနဲ့ စာရေးသူကိုယ်တိုင် စမ်းသပ်ထားပြီးဖြစ်ပါတယ် အားလုံးအဆင်ပြေပါတယ်
Root လုပ်ဖို့ မစတင်မှီ ဖုန်း Settings>About device ကို ဝင်ပြီး Model number နဲ့ Android version ကို အရင်စစ်ဆေးထားပါ Model number က (GT-I9300) Android version က (4.1.1) ဖြစ်ရပါမယ် အဲဒါတွေမှန်ကန်ပြီဆိုရင် စလို့ရပါပြီ။

(၁) ဖုန်းမှာ Battery Level 50% အနည်းဆုံးရှိရပါမယ်
(၂) USB Debugging ကို On ထားပေးပါ မသိသေးသူများ ဒီမှာ ကြည့်နိုင်ပါတယ်
(၃) Samsung USB Driver မရှိသေးရင် Install လုပ်ပါ (Install လုပ်ပြီးရင် သင့် PC ကို Restart လုပ်ပါ)
(၄) Odin3-v3.04 Zip File ကို Desktop မှာ ဖြည်ပြီး Install လုပ်ပါ
(၅) CF-Root-SGS3 Zip File ကို Desktop မှာ ဖြည်ထားပါ
(၆) သင့်ဖုန်းကို Power ပိတ်ပေးပါ (Download Mode သို့သွားရန်ဖြစ်ပါတယ်)
(၇) Volume Down + Home (center) + Power Buttom ဆိုတဲ့ ခလုတ်သုံးခုကို တစ်ပြိုင်တည်း ဖိထားပေးပါ အောက်ကပုံအတိုင်း Warning Screen ပေါ်လာရင် လွှတ်လိုက်ပါ

(၈) အထက်ပါပုံအတိုင်း မြင်နေရပြီဆိုရင် Volume Up ကို တစ်ချက်နှိပ်ပေးပါ အောက်ကပုံအတိုင်း Download Mode ကို ရောက်သွားတာတွေ့ရပါလိမ့်မယ်


(၉) ဒီအဆင့်ထိပြီးပြီဆိုရင် Odin ကို Run ပါ 
(၁၀) Download Mode ရောက်နေသော သင့်ဖုန်းအား USB cable ကို အသုံးပြုပြီး PC သို့ ချိတ်ဆက်ပါ အောက်ကပုံအတိုင်း Odin ရဲ့ ID:COM ဆိုတဲ့နေရာလေးမှာ အဝါရောင် သို့မဟုတ် အပြာရောင်ပေါ်နေပြီဆိုရင် ဆက်လုပ်ဖို့အဆင်သင့် ဖြစ်နေပါပြီ 


(၁၁) PDA ဆိုတာကိုနှိပ်ပြီး  (သတိ: ကျန်တဲ့ဘယ်နေရာကိုမှ မနှိပ်မိပါစေနဲ့)
အဆင့် (၅) မှာ သင် ဖြည်ထားသော CF-Root SGS3-v6.4.tar ကို ရွေးပေးလိုက်ပါ
ပြီးပြီဆိုရင် Start ကိုနှိပ်ပါ အောက်ကပုံအတိုင်း ID:COM နေရာမှာ PASS! ဆိုတဲ့ အစိမ်းရောင်စာတမ်းလေးပေါ်လာရင် ဖုန်းက အလိုလျောက် Power Restart ဖြစ်သွားပါလိမ့်မယ် Power ပြန်ပွင့်လာလို့ ပုံမှန်အတိုင်းဖြစ်သွားပြီဆိုရင် Odin ကိုပိတ်ပြီး Cable ဖြုတ်လိုက်ပါ 
သင့်ဖုန်း Root လုပ်တာ ပြီးဆုံးသွားပြီဖြစ်ပါတယ် အဆင်ပြေပါစေ