Home » » Galaxy S Advance Root လုပ်နည်း

Galaxy S Advance Root လုပ်နည်း

Written By 1 Mobile Corner on 14/01/2013 | 14.1.13


Root မလုပ်ခင် ပထမဆုံးသိထားရမှာက မိမိဖုန်း အာမခံဆုံးရှုံးမှာ ဖြစ်ပါတယ် တစ်ခုခုမှားယွင်းပြီး အဆင်မပြေဖြစ်ခဲ့ရင် မိမိတာဝန်သာဖြစ်ပါသည်

Root Package ကိုဒေါင်းလော့လုပ်ပါ
ပြီးရင် Settings>About phone>Build number ကိုကြည့်ပြီး မိမိဖုန်းရဲ့ Kenal ကို ဒေါင်းလော့ဆက်လုပ်ထားပါ လုံးဝမမှားစေပါနဲ့ အောက်မှာယူနိုင်ပါတယ် (ဥပမာ: Build Number မှာ GINGERBREAD.DDLD4 ဆိုရင် အောက်က Original Kernel ရဲ့ DDLD4.tar.md5 File ကိုဒေါင်းလော့လုပ်ပါ)

Original Kernel>>>>
DOWNLOAD LINK

ပြီးရင် Root Package ကို Desktop ပေါ်မှာ Extract လုပ်ပါ အဲဒီထဲက Odin v1.83.exe ကို Click နှစ်ချက်နှိပ်ပြီးဖွင့်လိုက်ပါ
ကွန်ပျူတာနဲ့ဖုန်းမချိတ်ခင် ဖုန်းမှာ Settings>Applications>Development>USB debugging ကိုအမှန်ခြစ်ပေးပါ Settings>Applications>Development>Allow mock locations ကိုလည်း အမှန်ခြစ်ပါ Battery ကိုအနည်းဆုံး 30% ရှိရပါမယ် အားလုံးအဆင်သင့်ဖြစ်ပြီဆိုရင် ဖုန်းကို Power ပိတ်ပါ ပြီးရင် Volume Down ရယ် Power ရယ် Home ရယ် တစ်ပြိုင်တည်း နှိပ်ပေးပါ Download Mode ထဲသို့ရောက်ရန် Volume Up ကိုတစ်ချက်ဆက်နှိပ်လိုက်ပါ ဒါဆိုရင် Download Mode ထဲသို့ရောက်ပါပြီ
Cable ကိုအသုံးပြုပြီး ဖုန်းကိုကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ အခုဏကဖွင့်ထားတဲ့  Odin v1.83.exe ရဲ့ ID:COM ဆိုတဲ့နေရာလေးမှာ အဝါရောင်လေးပေါ်လာရင် ဆက်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ
PIT နေရာမှာ Root Package ထဲက GT-I9070_EUR_XX_8G_20111220_KL6.pit ကိုထည့်ပါ
PDA နေရာမှာ Root Package ထဲက rootkernel.tar.md5 ကိုထည့်ပါ ပြီးရင် Auto Reboot နဲ့ F.Reset Time ကိုအမှန်ဖြစ်ပေးပါ ကျန်တာတွေအားလုံး အမှန်မခြစ်ပါနဲ့ PDA မှာ အမှန်ခြစ်ရှိနေရင် ထားလိုက်ပါ
ဒါဆိုရင် Start ဆိုတာကိုနှိပ်လိုက်ပါ ဖုန်းက Auto Reboot ဖြစ်သွားပါလိမ့်မယ်
Odin v1.83 ကိုပိတ်လိုက်ပါ Cable ကိုလည်းဖြုတ်ပါ
နောက်တစ်ခါ ဖုန်းကို Power ပြန်ပိတ်ပါ မရရင် Battery ဖြုတ်လိုက်ပါ
Volume Down ရယ် Power ရယ် Home ရယ်တစ်ပြိုင်တည်းနှိပ်ပါ Download သို့ရောက်ရန် Volume Up ကိုတစ်ချက်ဆက်နှိပ်ပေးပါ Download Mode သို့ရောက်ပါပြီ Odin v1.83 ကိုပြန်ဖွင့်ပေးပါ
Odin v1.83 ရဲ့ ID:COM ဆိုတဲ့နေရာလေးမှာ အဝါရောင်လေးပေါ်လာရင် ဆက်လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ PIT နေရာမှာ Root Package ထဲက GT-I9070_EUR_XX_8G_20111220_KL6.pit ကိုထည့်ပါ
PDA နေရာမှာ အထက်မှာ မိမိ Download ပြုလုပ်ခဲ့တဲ့ Original Kernel ကိုထည့်ပါ
Auto Reboot နဲ့ F.Reset Time ကိုအမှန်ဖြစ်ပေးပါ ကျန်တာတွေအားလုံး အမှန်မခြစ်ပါနဲ့ PDA မှာ အမှန်ခြစ်ရှိနေရင် ထားလိုက်ပါ
ဒါဆိုရင် Start ဆိုတာကိုနှိပ်လိုက်ပါ ဖုန်းက Auto Reboot ဖြစ်သွားပါလိမ့်မယ်
ဒါဆိုရင်တေ့ Samsung Galasy S Advance GT-I9070 ကို Root လုပ်တာ ပြီးဆုံးပါပြီ
Play Store မှ Super User နဲ့ Busy Box ကိုတော့ မိမိဘာသာ Install ပြုလုပ်လိုက်ပါခင်ဗျာ
မရှင်းတာများရှိရင် Comment ချန်ထားပေးခဲ့ပါ


0 comments:

Post a Comment